Wednesday, October 12, 2016


နည်းပညာ စိတ်ဝင်စားသူများအတွက် Myanmar Mobile App မှတင်ပေးထားတဲ့ Android phone အခြေခံပြုပြင်နည်းများ

နည်းပညာ စိတ်ဝင်စားသူများအတွက် Myanmar Mobile App မှတင်ပေးထားတဲ့ Android phone အခြေခံပြုပြင်နည်းများကို ပြန်လည်တင်ပေးတာပါ။ အလွန်ပြည့်စုံတဲ့အတွက် အသုံးဝင်မှာသေချာပါတယ်ခင်ဗျာ။ လေ့လာကြည့်ပါနော်။။
အပိုင်း ၇
SAMSUNG / SONY / Huawei တို့ကို OFFICIAL Firmware ပြန်တင်ခြင်း –
ပြောင်းလဲလာတဲ့ ကျတော်တို့နည်းပညာလောကကြီးမှာ Mobile Phone User တွေအနေနဲ့ပါ ကိုယ့်ဖုန်းကိုဘယ်လို
ဖြစ်ရင်ဘယ်လိုပြန်လုပ်ကြရမယ်ဆိုတာ သိရှိနေကြပြီဖြစ်ပါတယ်။ အခု ကျတော်လူသုံးအများဆုံး
Mobile Brand တွေဖြစ်တဲ့ Samsung / Sony / Huawei တို့ရဲ့ Firmware ပြန်တင်ခြင်းကို မသိသေးသူများအတွက်
တင်ပြပေးလိုက်ပါတယ်။
1) Firmware Install on Samsung Devices
ှSamsung Device များကို Firmware ပြန်တင်နိုင်ရန်အတွက် လိုအပ်တာလေးတွေကိုအရင်သိရှိထားဖို့လိုအပ်ပါတယ်။
လိုအပ်တာလေးတွေကတော့-

1- Samsung Mobile USB Driver
2- Odin ( Firmware ပြန်တင်နိုင်ရန် လိုအပ်သည့် Tool )
3- Firmware File ( ပြန်တင်လိုသော Device ရဲ့ model နဲ့ ထပ်တူကျတဲ့ Firmware file (tar.md5 လို့အနောက်ကဆုံးပါတယ်)
လိုအပ်တာတွေကတော့ ဒီလောက်ပါပဲ။ Firmware ပြန်တင်ပုံကတော့-
အရင်ဆုံး Odin ကို Computer မှာထည့်သွင်းပေးထားရပါမယ်။ Computer မှာ Odin ကိုထည့်သွင်းပြီးပြီဆိုရင်တော့
Computer နဲ့ Device ချိတ်ဆက်အသုံးပြုတဲ့အခါ Computer မှ Device ကိုသိရှိစေရန် Samsung Mobile USB Driver
ကို Computer မှာ Install လုပ်ပေးပါ။ Samsung Mobile USB Driver ကို Install လုပ်ပြီးရင်တော့ Odin ကိုဖွင့်လိုက်ပါ။
Odin ရဲ့ PDA နေရာမှာ Firmware File (tar.md5) ကို ထည့်သွင်းလိုက်ပါ။ ပြီးရင်တော့ Device ကို Download mode သွင်းရပါမယ်။
Device ကို Download mode သွင်းရန် power အရင်ပိတ်လိုက်ပါ။ Battery ဖြုတ်ပြီး 10 စက္ကန့်လောက်ထားပြီး Battery ပြန်တပ်ပါ။
Download mode သွင်းရန် Volume down + Home + Power နှိပ်လိုက်ပါ။ ပြီးရင် Volume up ကို တစ်ချက်နှိပ်လိုက်ပါ။
ဒါဆိုရင် Download mode ရောက်ပါပြီ။ Computer နဲ့ Device ကိုချိတ်ဆက်ပေးလိုက်ပါ။ Odin ကနေ Device ကိုသိပြီဆိုရင်တော့
Odin မှာပါတဲ့ Start Button ကို Click လိုက်ပါ။ Odin ကနေအလုပ်လုပ်ပေးသွားပြီး Finish ပြပေးပါမယ်။ ဒါဆိုရင်တော့
Device မှာ Reboot ကျပြီး Power ပြန်တပ်လာရင် Samsung Device ကို Firmware ပြန်တင်ခြင်းပြီးဆုံးပါပြီ။
2) Firmware Install on Sony Devices
ှSony Device တွေကို Firmware ပြန်တင်နိုင်ရန်အတွက် လိုအပ်တာလေးတွေကတော့-
1- Sony PC Compannion ( Sony Mobile Driver )
2- Flashtool ( Sony Firmware Flashtool )
3- Flashtool Driver
4- Firmware File ( Firmware ပြန်တင်လိုသော model ရဲ့ Firmware file (.ftf နဲ့ အဆုံးသတ်ပါတယ်)
လိုအပ်တာကတော့ ဒီလောက်ပါပဲ။ Firmware ပြန်တင်ပုံကတော့-
အရင်ဆုံး Mobile Driver ကို Computer မှာ Install လုပ်ပေးပါ။ ပြီးရင်တော့ Flashtool ကို Run ပေးပါ။ Flashtool Folder ကို
Window ရဲ့ C အောက်မှာထားပေးပါ။ Flashtool Folder ထဲက Flashtool driver ကို install ပေးပါ။ Firmware ကို Flashtool Folder ထဲက
Firmware File အောက်ထဲမှာ ထည့်လိုက်ပါ။ ပြီးရင်တော့ Flashtool ကိုဖွင့်လိုက်ပါ။ မိုးကြိသွားပုံလေးကို Click လိုက်ပါ။ Flash mode ကိုရွေးပေးပြီး
ok ကိုနှိပ်လိုက်ပါ။ ပြီးရင် ကိုယ်ထည့်ထားတဲ့ Firmware File ကို ရွေးလိုက်ပါ။ အချိန် 1 မိနစ်လောက်စောင့်လိုက်ပါ။ Computer မှာ Device ကိုချိတ်ဆက်ရန်
ပြလာပါမယ်။ အဲဒီအခါကျရင် back key ကို နှိပ်ထားပြီး ကြိုးထိုးလိုက်ပါ။ back key မပါသောဖုန်းများကတော့ volume down ကို နှိပ်ပါ။
Flashtool မှာအလုပ်လုပ်ပေးသွားပါမယ်။ Finish ပြပြီဆိုရင်တော့ Sony Device များကို Firmware ပြန်တင်ခြင်းပြီးဆုံးပါပြီ။
ကြိုးဖြုတ်ပြီး power ဖွင့်လိုက်ပါ။
3) Firmware Install on Huawei Devices
Huawei Device များကို Firmware ပြန်တင်နိုင်ရန်အတွက် လိုအပ်တာတွေကတော့
1- Firmware File (Firmware ပြန်တင်လိုသော model ရဲ့ Firmware file (.APP နဲ့ အဆုံးသတ်ပါတယ်)
2- SD Card
လိုအပ်တာကတော့ ဒီလောက်ပါပဲ။ Firmware ပြန်တင်ပုံကတော့-
အရင်ဆုံး Firmware file ကို SD Card ထဲထည့်လိုက်ပါ။ dload folder လိုက် ထည့်ပေးရပါမယ်။ ပြီးရင် phone ကို ပါဝါပိတ်လိုက်ပါ။
SD Card ထည့်ပြီး Volume up + Volume down + Power ကိုတွဲနှိပ်လိုက်ပါ။ Phone ကနေအလုပ်လုပ်သွားပါမယ်။
Finish ပြပြီး Phone မှာ Reboot ကျသွားပါမယ်။ ဒါဆိုရင်တော့ Hawei Device ရဲ့ Firmware ပြန်တင်ခြင်းပြီးဆုံးပါပြီ။
Huawei Device များပာာ ပုံစံအမျိုးမျိုးနဲ့လာတာကြောင့် Firmware တင်ပုံပာာလဲကွဲပြားပါတယ်။
ကျတော်တင်ပြပေးတာပာာ အလွယ်ဆုံးနည်းလမ်းတစ်ခုပါ။ အခြားနည်းလမ်းများလဲကျန်ပါသေးတယ်။
– Samsung / Sony / Huawei တွေရဲ့ Secret Code များ –
ှSamsung
……………
*1234# – PDA Phone & CSC version
*#06# – IMEI Code
*2767*4387264636# – Service Mode
*#*#4636#*#* – Testing Mode
*#0*# – LCD Test
*#*#7594#*#* – Enable Shutdown Mode
*#*#8225#*#* – Gtalk service Monitor
*#*#232338#*#* – Wilan Mac Address
*#0011# – Signal service Mode
*#1111# – FTA SW version
*#2222# – FTA HW version
*#*#0673#*#* – Speaker Test
*#*#0842#*#* – Vibration Test
*#*#2664#*#* – Touch Screen Test
*#*#0588#*#* – Proximity Sensor Test
*#*#232331#*#* – Bluetooth RF Test
*2767*3855# – Factory Reset
#*7728# – Factory Reset
Huawei
………..
*#*#2846579#*#* – Phone Information
*#*#4636#*#* – Phone Information
*#*#197328640#*#* – Service Mode
*#*#232338#*#* – Wilan MAC Address
*#*#232331#*#* – Bluetooth Test
*#*#1111#*#* – FTA SW version
*#*#2222#*#* – FTA HW version
*#*#7780#*#* – Factory Reset
*2767*3855# – Factory Reset
Sony
…….
*#06# – IMEI number
*#0000# – Reset English Menu
987+> – Programming Menu (Short)
923885+> – Programming Menu (Long)
904090+> (to exit 904090+>) – Field Test
904059+> (to exit 3+<) – Phone Test
904095+ menu DM mode 904959+menu – Analog mode
>*<<*<* – Secret Menu , Software version
<0000> – Reset Theme
<**< – Network Information
<-**<- – Lock Status
0# – Shortcut to last dialed numbers
<0000> – Default Language
*#78737322867973738# – Super Factory Reset
*#73287489263373738# – Reset Code to 0000
*09*(PIN Code)# – Activate PIN Code
#09*(PIN Code)# – Deactivate PIN Code


Original from: http://nyeinchanthu3.blogspot.com/2014/09/phone_1.html
မူလစာရေးသူ -->>ငြိမ်းချမ်းသူ(နည်းပညာ)
9:01 PM နည်းပညာ, ဖုန်းဆိုင်ရာ No comments https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhERbVCXaulMnpHxhOenF3W8cYaL80l7qF4eZzX83BPh_ENjOiaw7Wpczc_tphY38FogPvgnqrKFAVfvECf6dK6Ha_r2yWyV_MWtaaZUGXCSkWOunHSedcbwoeCc0tEKI8aCGfWkJR_YWQ/s400/MKAD10-2-1.jpg တွေးမိသလောက်လေး ကို ရေးပေးလိုက်တာပါ. ဖြစ်နိုင်မဖြစ်နိုင်တော့ ကို့ ဘာသာ စဉ်းစားတွေးတောပေးကြပါခင်ဗျာ.. Phone ငွေဖြည့်ကဒ်တွေ Hack တာတော့သိပ်မသိပါဘူး.. ကျွန်တော့်ဘ၀အစက Cracking ကစခဲ့တော့ ခရက်ကင်းနဲ့ ပတ်သက်တာဘဲပြောပါမယ်... Phone တည်းမှာ ငွေဖြည့်ကဒ်ဆိုတာ SIM တည်းမှာရှိပြီးသား system လည်ပတ်မူကို update လုပ်ပေးတာဘဲဖြစ်ပါတယ်... Software တစ်မျိုးကို License version ၀ယ်ယူသလိုပါဘဲ။သက်မှတ်ချက် တစ်ခုရောက်ရင် ကုန်ဆုံးလေ့ရှိပါတယ်။ ဒီလိုပါဘဲ SIM ကဒ်တည်းမှာပါတဲ့ System နည်းပညာပာာသည်လည်း သက်မှတ် ချက်တစ်ခုပါပါတယ်။ ဘယ်လောက် သုံးပြီးရင် ကုန်ဆုံးမယ်ဆိုတဲ့သဘောတရားလေးပါဘဲ။ ကျွန်တော်စဉ်းစားဖူးတဲ့နည်း ၃ မျိုးရှိပါတယ်.. ၁ - Wordlist generator ကိုသုံးပြီး ကျပန်းကုဒ်ကို ထည့်ပြီးစမ်းတာပါဘဲ။ ဒါက ဖြစ်နိုင်ခြေ ၅% နှုန်းမျှသာရှိပါတယ်.. ဒါပေမယ့်လည်း Phone ငွေဖြည့်တဲ့အခါမှာ ကုဒ် ထည့်တာကို ၄ ခါမှားခွင့်ပေးထားပါတယ်။ ဒီနည်းလေးကို ကျွန်တော့ Website လေးမှာ ပာိုးအရင်ကတင်ပေးထားဖူးပါတယ်ကျပန်း သဘောမျိုးနဲ့  ပြု့ လုပ်ခြင်းမျိုးဖြစ်ပါတယ်။လူတစ်ယောက် ဒါမှမပာုတ် တစ်နေ့  ၄ ခုစမ်းကြမယ်ဆိုရင်ကော....?? ဒီလိုပါဘဲ ကံဆိုတာမမြင်နိုင်ပါဘူး။ ဒါပေမယ့်ကံကို အားကိုးရင်ခွေးဖြစ်တတ်တယ်ဗျ.. ကျွန်တော်အရင်က ပြောခဲ့သလိုပါဘဲ ကျွန်တော်သည် ကံကို အားကိုးနေရတာဖြစ်ပါတယ်.. ဒါပေမယ့် ကံကောင်းဖို့ တစ်နေ့  အလုပ် ၁၅ နာ၇ီလုပ်ရပါတယ်... ၂ - ဒါကတော့ ကျွန်တော်တို့  ၁၀တန်းကျောင်းသားဘ၀ တုန်းက သချာင်္မှာ သင်ခဲ့ရတဲ့ အခန်း (၁၂) Differential Calculus ဆိုတာ၇ှိပါတယ်...အဲ့မှာမှ Derivative ရှာခြင်းဆိုတာရှိပြီး Frist principle အရ၇ှာခြင်းဆိုတဲ့နည်း ကိုအသုံးပြု့ ပြီး အသုံးပြု့ ပြီးသော ငွေဖြည့် ကဒ် တွင်ပါရှိတဲ့ ကဒ် နှစ်ခုကို ရှီတ်ခြင်း သဘော တရားနည်းဖြင့် တွက်ချက်ရမှာဖြစ်ပါတယ်။. ဒီလိုနည်းနဲ့ လဲ တွက်ချက်ရင် ထွက်နိုင်ပါတယ်...ဒါပေမယ့်လည်း ရရှိဖို့ ဆိုတာ အင်မတန် ခက်ခဲပါသေးတယ်။ ကျွန်တော်ကတော့ ၁၀ တန်းမှာ ဒီအခန်းကို သိပ်ပြီး မပိုင်နိုင်တော့ အဆင်မပြေမူများစွာရှိသွားခဲ့ဖူးပါတယ်။ ၃ - ဒါနည်းကတော့ ၃ နည်းလုံးတည်းမှာ အဖြစ်နိုင်ဆုံးနည်းပါဘဲ... ကျွန်တော်ပြောနေကြပါဘဲ.. ကျွန်တော် Online ပာက်ကင်းတွေ ဘာစောက်တစ်လုံးမှ နားမလည်ပါဘူး.. ဒါပေမယ့် အပြင်လောကမှာ ဘယ်လိုလုပ်ရင်ငွေ မကုန်ဘူးလဲဆိုတာကိုတော့ အမြဲလေ့လာဖြစ်ပါတယ်.. အခု နံပါတ် ၃ နည်းကတော့ Phone SIM Data တွေကို ယူပြီး Serial Code (ငွေဖြည့်ကုဒ်) ကို Crack ပါမယ်.. ဒီနည်းမှာတော့ wordlist တွေလိုပါမယ်.. 0 to 9 လုံး 18 looping ပတ်ပြီးသား လိုပါမယ်.. အထူးသဖြင့် SIM တည်းမှ ဒေတာတွေကိုကွန်ပျူနဲ့  ချိတ်ဆက်ပြီး Serial code (ငွေဖြည့်ကုဒ်) ကို ခရက် ရမှာဖြစ်ပါတယ်။ ကျွန်တော ပာိုးအရင်က သူငယ်ချင်းတစ်ယောက်နဲ့  Software လေးတစ်ခု ရေးခဲ့ဖူးပါတယ်။ ကံဆိုးစွာနဲ့ ဘဲ ကျွန်တော် ပာက်ဒစ်လေး Format ကျသွားခဲ့လို့  တော်တော်လေး ခံစားခဲ့ရဖူးတယ်ဗျ။ ဒီနည်းသဘောတရားကို ကျွန်တော် သိခဲ့သလို ရှင်းပြပေးပါမယ်။ ကျွန်တော် အသုံးပြု့ ခဲ့တဲ့နည်းကတော့ SIM Card Reader တစ်ခု ကိုသုံးခဲ့ပါတယ်။ ပြီးတော့ Java OS တင်ထားတဲ့ Samsaung ဖုန်းတစ်လုံးကိုလည်းသုံးပြီး စမ်းခဲ့ဖူးပါတယ်။ SIM Crad reader ကိုသုံးတဲ့နည်းက အလုပ်ဖြစ်သွားပါတယ်။ SIM Crad Reader ကိုသုံးပြီး SIM Card တည်းမှာ၇ှိတဲ့ Data တွေအကုန်လုံးကို ကျွန်တော်ရယူလိုက်ပါ။ ဥပမာပေးရရင် SIM Card Recovery Software ပုံစံမျိုးပါဘဲ။ အတည်းက Data တွေကိုရယူပြီး ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် Java Software လေးတစ်ခု ဖန်တီးဖြစ်သွားပါတယ်။ Software သဘောတရားကတော့ ကျွန်တော် တို့  Password တွေကို Wordlist Attacking နည်း ပုံစံမျိုး အဖြစ် အသုံးပြု့ သွားကြခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့  Looping ပတ်ထားတဲ့ 0 to 9 ဂဏန်း ၁၈ လုံးကို အစားသွင်း ပြီး စတင် Crack ကြပါတယ်။ လုပ်ဆောင်ချက်တော့ရိုး၇ှင်းပါတယ်။ Active ဖြစ်တဲ့ Code တွေဆိုရင် ပြပါတယ် ဒါကိုယူပြီး နေရာတစ်ခုမှာမှတ်ထားလိုက်ကြပြီး တစ်ခုပြီးတစ်ခု Crack ခြင်းနည်းနဲ့  ပြု့ လုပ်သွားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုးကျိုးကတော့ Crack ဖို့ အတွက် အသုံးပြု့ ၇တဲ့ Phone ပါဘဲ ဖုန်းပာာ ကြာတော့ CPU မနိုင်သောအခြေအနေ တစ်ချို့ နဲ့ ကြုံရပြီး Phone ပျက်စီးနိုင်တဲ့အခြေအနေ ထိဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လူကြီးတွေ ပြောသလိုပါဘဲ။ တစ်ခု လိုချင်တစ်ခု ပြန်ပေးရပါမယ်တဲ့.. သက်ဆိုင်ရာ လူကြီးမင်းများအနေဖြင့်လည်း..အခုနည်းတင်ပေးတယ်ဆိုတာက အဖျက်သဘောမဟုတ်ပါ. .အပြုသဘောသာဆောင်ခြင်းဖြစ်ပါတယ်. .မြန်မာနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံ သားတွေရဲ့ ဘ၀ရပ်တည်မှုအခြေအနေကိုလည်းနားလည်လိမ့်မယ်လို့ထင်ပါတယ်..အခု Crack နည်းက လူတိုင်းရဖို့ဆိုတာ မလွယ်ကူပါဘူး.. အချို့အဆင့်တွေမှာ ဦးနှောက်သုံးရမယ့် နေရာတွေ ရှိပါတယ်.. လူကြီးမင်းများကိုယ်တိုင် လုပ်ကြည့်မယ်ဆိုရင်တောင် မလွယ်ကူဘူးဆိုတာ အခိုင်အမာပြောပါရစေ :P ဒါကြောင့် ဗွေမယူဘဲ လှူတယ်လို့သဘောထားပေးကြပါ............။ ကဲ..ဦးနှောက်လေးသုံးမယ်.. တွက်နည်းလေးနှစ်ခုကျွမ်းကျင်မယ်ဆိုရင် တော့..MPT နှင့်ပြိုင် ဘယ်သူနိုင် အစီအစဉ်ကို စတင်လို့ရပါပြီ ခင်ဗျာ................. စာဖတ်သူ များအားလုံး ကို အထူးလေးစားလျှက်ပါ။

Original from: http://nyeinchanthu3.blogspot.com/2014/09/phone_1.html
မူလစာရေးသူ -->>ငြိမ်းချမ်းသူ(နည်းပညာ)

0 comments :

Post a Comment

အားကစား


manchester united logo football gif animation xara

International code

Cleander

Powered by PDF Calendar

Latest Posts

Sports

Shine (Information Technology)

Shine IT Mobile မှလှိုက်လှဲစွာကြိုဆိုပါသည်။ Shine IT Mobile တွင်သင်တန်းများကိုလည်း သင်ကြားပေးပါသည်။

Colorful Page

Welcome ဖုန်းဈေးနှုန်း

Popular Posts