Android ဖုန်းများ၏ Setting အသေးစိတ်
 ခေတ်သစ်နေ
 မိုဘိုင်းနည်းပညာ စာမျက်နှာ တွင် Mobile Phone နှင့် ပတ်သက်သော အခြေခံ 
အကျဆုံး Knowledge နည်းပညာများကို Online မှတစ်ဆင့်  အပါတ်စဉ် 
သင်ကြားပေးသွားမည် ဖြစ်ပါသည်။
Android
ဖုန်းများ၏ Setting အသေးစိတ်
SIM Card Management
          SIM 2 ကတ်သုံးဖုန်းတွေမှာ တွေ့ ရပါတယ်။
Default call ဒါမှ မဟုတ် Default Message ပြောင်းဖို့ ပါ။  Default call ကို Card 1 ပေးထားမယ် ဆိုရင် ဖုန်းခေါ်ရင်
card 1 နဲ့ ထွက်ပါမယ်.  Default data ကို
card 1 ပေးထားရင် အင်တာနက် က Card 1 နဲ့ သွားပါမယ်။  Message လည်း ထိုနည်းလည်းကောင်းပါပဲ။
          တစ်ခု သတိထားရမှာကတော့ CDMA+GSM ဖုန်းတွေမှာ CDMA ကတ်ကသာ အင်တာနက် သုံးနိုင်မှာဖြစ်ပါတယ်။
တကယ်လို့  GSM ကတ် ကို အင်တာနက် သုံးချင်တယ်ဆိုရင် CDMA ကတ် ကို ဖယ် ထုတ်ထားမှ (သို့မဟုတ်
) Setting ထဲမှာ CDMA ကတ် ကို 
Disable  ပေးထားမှသာ သုံးနိုင်ပါမယ်
။  ဒါတောင်မှ 2G ပဲရမှာပါ။
WLan or WIFI
          Wifi ကို အဖွင့် အပိတ်လုပ်လို့ ရပါမယ်။ တစ်ခြားဖန်ရှင်တွေ
ပါပေမယ့် သိပ်တော့ အသုံးမလိုပါ။ တစ်ချို့ ဖုန်းတွေမှာ ဒီနေရာမှာ  wifi direct   ဆိုတာ
ပါတတ်ပါတယ်။  သူက ဖုန်းအမျိုးအစားတူ တွေ အတွက်
wifi ကနေတစ်ဆင့်  data ဖလှယ် လို့ ရစေတဲ့ လုပ်ဆောင်ချက် ပါ။  ခုတော့  ဒီ နေရာမှာ Zapya ပေါ်လာတဲ့ အတွက် အသုံးနည်းသွားပါပြီ။
Bluetooth 
          Bluetooth on off လုပ်လို့ ရပါမယ်။
Bluetooth ချိတ်ဆက်မယ်ဆိုရင် Visible လုပ်ထားပေးရပါမယ် .. တစ်ချို့ ဖုန်းတွေ မှာတော
့ Discoverable လို့ လည်းရေးပါတယ်။
          Device name ပြောင်းလို့ ရပါမယ်။ Device
name ပြောင်းထားခြင်းဖြင့် ချိတ်ဆက်မှု့ ပြုလုပ်တဲ့ အခါ မိမိ ဖုန်းကို အလွယ်တကူရှာဖွေတွေ
့ရှိစေပါတယ်။
Data trafic management or Data
usage
          ဖုန်းမှာအသုံးပြုထားတဲ့ ဒေတာ ပမာဏကို ပြသပေးပါတယ်..။  ဒေတာ Plan နဲ့ အသုံးပြုသူများအတွက် ဒေတာ ကန့် သတ်ပေးလို
့လည်းရပါတယ်။
Mobile Network
          Data enabled  ကို အဖွင့် အပိတ် လုပ်လို့ ရပါမယ် (အင်တာနက်)
          Data roaming  ကတော့ နိုင်ငံခြား တစ်ခုခု သွားတဲ့ အခါမျိုးမှာ
မိမိ ထည့် ထားတဲ့ ဖုန်း လိုင်းရဲ့  Operator က အဲ့               ဒီနိုင်ငံမှာအသုံးပြုခွင်
့ပေးထားမယ်ဆိုရင် ဒီ Data roaming ကို ဖွင့် ထားပေးခြင်းဖြင့် အသုံးပြုစေနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့်  Data                   roaming ဖြစ်တဲ
့အတွက် ဖုန်းအသုံးပြုခ ကတော့ ပုံမှန်ထက် ပိုမို ကျသင့် မှာပါ ..။။  အသေးစိတ် ကတော့  Operator တွေရဲ့  call           center တွေ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
          Use only 2g network  ဒါကတော့ တစ်ချို့ ဖုန်းလိုင်းသိပ်မမိ တဲ့ နေရာ မျိုးတွေမှာ
ဒီ Setting ကို on ထားပေးရင် လိုင်းလည်း      ပိုမိပြီးတော
့ Battery အစားလည်းသက်သာစေပါတယ်။   Ooredoo
ကတော့ 3g only ဖြစ်တဲ့ အတွက် ဒါကို အသုံးမပြုနိုင်ပါဘူး။       အခြား Mpt telenor တွေမှာအသုံးပြုနိုင်ပါတယ်။
Access Point Names
          အင်တာနက် Setting ချိန်ပေးရမယ့် နေရာပါ။
Internet setting for MPT GSM
          Name : mpt
          APN : mptnet
Internet setting for Telenor
          Name: telenor
          APN : internet
Internet setting for ooredoo
          Name : ooredoo
          APN : internet
Internet setting for CDMA 800 Mhz
          Name : mpt
          APN   
: #777
          Username : cdma@c800.mm
          Password : cdma
          Prompt password : #777
Internet setting for MEC
          Name : mec
          APN  
: #777
          username : cdma
          Password : cdma
          Prompt password : #777
-------------------------------------------------------------------------------------------------------------------------------------------
Display settings
          font size ချိန်လို့ ရပါမယ်။
          Day dream ကတော့ အချို့ ဖုန်းတွေမှာသာပါပါတယ်။
သူ က ဖုန်းမီးအားသွင်းထားတဲ့ အချိန်မှာ သတ်မှတ်ပေးထားတဲ့ ပုံတွေ ကို slideshowပြပေးတာပါ။
          Brightness ချိန်လို့ ရပါမယ်။  Automatic Brightness မှာထားပေးမယ်ဆိုရင် ရောက်နေတဲ
့နေရာပေါ်မူတည်ပြီး အလင်းအမှောင် ကို အလိုအလျောက်ချိန်ပေးပါမယ်။
          Sleep ကတော့ ဖုန်းမျက်နှာပြင်ကို မထိပဲထားရင်
မီးမှိတ်သွားမယ် အချိန် ကန့် သတ် ပေးထားဖို့ ပါ။
          Auto rotate screen က Screen ကို အလိုအလျောက်
အလိုက်သင့် လှည့် ပေးစေချင်ရင် သုံးဖို့ ပါ။
Storage
          Default storage က Huawei ဖုန်းတွေမှာ အပါများပါတယ်။
သူက Sd card ကို Default storage ထားပေးမယ်ဆိုရင် Sd card ကို Internal storage လိုမျိုး
သုံးလို့ ရစေနိုင်ပါတယ်။
Location Access
          Location Access ကို ဖွင့် ထားပေးရင်
Location နဲ့ ပက်သက်တဲ့  function တွေကို အသုံးပြုလို့ ရစေပါမယ် ။  ဥပမာ မြေပုံကြည့် ခြင်း၊ Facebook check in လုပ်ခြင်း
Viber beetalk wechat whatsapp အစရှိသည့် Social apps များတွင် နေရာကို သူငယ်ချင်းဆီသို
့ပြပေးနိုင်ခြင်း ၊ အနီအနားရှိ သူငယ်ချင်းများရှာဖွေနိုင်ခြင်း စသည် တို့ ကို အသုံးပြုနိုင်ပါသည်။
Security
          ဖုန်း၏ လုံခြုံရေးဆိုင်ရာများအတွက် နေရာဖြစ်သည်။  
          ဖုန်း ကို Password , pin , pattern
lock ထားနိုင်သည်။
          Sim card ကို လော့ ချထားနိုင်သည်။
          Unknown sources ကတော့ on ထားပေးရပါမယ်။
off ထားရင် apk တွေကို install လုပ်လို့ မရပါဘူး။
Backup and reset
          ဖုန်းကို backup and reset လုပ်ဖို့ နေရာဖြစ်ပါတယ်
။ ဖုန်း လေးလာတာ တို့ တစ်ချို့ နေရာတွေ သုံးလို့ အဆင်မပြေတာမျိုးတွေ ဖြစ်လို့  ၀ယ်လာကာစ
နဂို အနေအထား ပြန်ထားချင်တယ်ဆိုရင် Factory reset ချပေးလို့ ရပါမယ်။
Manage app
          ဖုန်းတွင်းမှာထည့် သွင်းထားတဲ့ 
Application တွေ ကို စီမံ ခန့် ခွဲ ဖို့ နေရာပါ။ Application တွေကို Uninstall,
force close , clear data အစရှိတာတွေ လုပ်လို့ ရပါမယ်။
Accessibility ကတော့ မျက်စိ အမြင် အားနည်းသူ အကြားအားနည်းသူတွေ
အတွက် မိမိနဲ့ အဆင်ပြေမဲ့  setting ချိန်ပေးလို့ ရမယ့် နေရာပါ။
Developer option
          ဒီ နေရာ ကတော့ အများကြီးပါပေမယ့် အဓိက သိထားရမှာက
USBdebugging ကို ဖွင့် ထားပေးရမယ်ဆိုတာပါ။ 
computer ကနေ applicaiton တွေသွင်းတာ root 
လုပ်တာ pattern password မေ့ သွားလို့ ပြန်ဖြုတ်တာမျိုးတွေမှာ အသုံးဝင်ပါတယ်။
About phone ကတော့ ဖုန်း ရဲ့ အသေးစိတ်အချက် အလက်တွေ
ကို ပြသပေးတဲ့ နေရာပါ။
Credit ( Min Oo Lwin ) 


 
0 comments :
Post a Comment