APK ဖိုင်များကို IDM ဖြင့် download ရယူခြင်း
computer မှာ  firefox နဲ့ ပဲ ဖြစ်ဖြစ်  အင်တာနက်ကနေတစ်ဆင့်  apk 
ဖိုင်တွေကို download လုပ်မယ်ဆိုရင် idm နဲ့ လုပ်လို့ မရပါဘူး.။။  ဒါကို 
ဖြေရှင်းကြည့် ရအောင် ဗျာ..   IDM က သူ သတ်မှတ်ပေးထားတဲ့ ဖိုင်တွေ ကိုပဲ 
download ကျလာအောင် setting ထားထားပေးလို့ ပါ။  ဒါကို ကျနော်တို့ က 
ပြန်ပြောင်း လို့ ရပါတယ်။
၁ အရင်ဆုံး IDM ကို ဖွင့် လိုက်ပါ.။၏
၂ အပေါ်ဆုံးနားက download ဆိုတာကို တစ်ချက်နှိပ်ပေးပါ။ ကျလာတဲ့  menu lists ထဲက option ကိုယူပါ။
၃ ပေါ်လာတဲ့  window ထဲ က file types ကို ထပ်နှိပ်ပေးပါ။
၎ ပေါ်လာတဲ့ အကွက်မှာ automatically start download the following file types ဆိုတဲ့ box ထဲမှာ နောက်ဆုံးနေရာမှာ cursor ချထားပေးလိုက်ပါ။ ပြီးရင် space တစ်ချက်ခြားလိုက်ပြီးတော့  လိုချင်တဲ့ ဖိုင် အမျိုးအစား (အခုဆိုရင် apk ပေါ့ ) ကို ရေးထည့် ပေးလိုက်ပါ
ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ။
မင်းဦးလွင် ( နည်းပညာ)

0 comments :
Post a Comment