Windows 7 Manager 4.3.6 Final
Windows 7 Manager ဆော့ဝဲလ်လေးကို အရင်တုန်းက ဗါးရှင်းတွေဒေါင်းယူလို့
မရတော့တဲ့အတွက် Update ဖြစ်တာလေးတွေကို ပြန်တင်ပေးဖို့ တောင်းထားတဲ့လူများ
ရှိပါတယ်..။ ဒီဆော့ဝဲလ်ကို Install ထည့်တဲ့ အချိန်ကနေစပြီး အသုံးပြုလို့
ပြီးတဲ့အထိ အင်တာနက်လိုင်းကို ပိတ်ထားရပါမယ်.. လိုင်းဖွင့်လိုက်တာနဲ့
Full မဖြစ်တော့ပါဘူး..။ အဲ့ဒါလေးကို တချက်သတိပြုပါ..။ ဒီပရိုဂရမ်က
ဖူးသုံးလို့ မရပါဘူးလို့ ပြောကြမှာ စိုးလို့ပါ.. ဒီကောင်လေးကို
အသုံးပြုတိုင်းမှာ Connection ပိတ်ထားပြီးမှ အသုံးပြုရင် ဖူးသုံးလို့
ရပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုဖို့နဲ့ သူ့ထဲမှာပါတဲ့ Keygen
ကို ဖွင့်သုံးနိုင်ဖို့ဆိုရင်.. စက်တော်တော်များများမှာ Microsoft .Net
Framework ဆိုတဲ့ ဆော့ဝဲလ်တခု လိုပါလိမ့်မယ်.. အရင်တုန်းက တင်ပေးခဲ့တဲ့
Windows 7 Manager တခြားဗါးရှင်းတွေမှာ ဒီ MS .Net Frame ကို
တင်ပေးခဲ့ပေမယ့် လင့်တွေပျက်ကုန်လို့ ပြန်ဒေါင်းလို့ မရတော့ပါဘူး..
ဒါကြောင့် ကျနော် Microsoft .Net Framework 4.0 ကို ကြာကြာဒေါင်းယူလို့
ရအောင် မူရင်းတင်ပေးထားတဲ့ လင့်တွေကို ပြန်ရှာပေးထားပါတယ်..။
အောက်ကလင့်တွေကနေ မိမိတို့စက်ရဲ့ Microsoft .Net Framework ဗါးရှင်းတူတာကို
ဝင်ရှာယူနိုင်ပါတယ်..။ Microsoft .Net Framework=> Link 1 ၊ Link 2 ၊ Link 3 ၊ အသုံးပြုပုံကို အရင်ပိုစ့်တွေဖြစ်တဲ့ Windows7 Manager 4.1.3 နဲ့ Windows7 Manager 4.0.5 Portable
ပိုစ့်တွေမှာ သွားပြန်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကတော့ နောက်ဆုံးထွက်
Version လေးပါ..။ Windows 7 အတွက် အများကြီး သုံးလို့ရတဲ့အတွက် အားလုံးကို
လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ အသုံးပြုပုံကို
ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြထားပါတယ်.. အသုံးမပြုတတ်သေးတဲ့ သူများကတော့
အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ.. ဒီ Windows 7 Manager Final
ဗါးရှင်းလေကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။
ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။
(OR)
0 comments :
Post a Comment