Photodex ProShow Gold 6.0.3397 Final
 Photodex ProShow Gold ဆော့ဝဲလ်လေးနဲ့ ဓါတ်ပုံတွေကို စလိုက်ရှိုး Video 
ဖိုင်လေးတွေဖြစ်အောင် ဖန်တီးယူလို့ ရသလို ၊ မိမိတို့ရဲ့ Video တွေမှာလည်း 
Video Effects တွေထပ်ထည့်ပြီး ၊ Effects တွေ အများကြီးနဲ့ 
ကြည့်လို့ကောင်းအောင် ဖန်တီးယူလို့ ရပါသေးတယ်..။ ဒီဆော့ဝဲလ်လေးကို 
ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ 
မရတော့တဲ့အတွက် ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update ဗါးရှင်းလေး ရလာလို့.. 
အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ 
ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack, patch, keymaker သုံးမျိုးနဲ့ 
တင်ပေးထားတာဖြစ်ပြီး၊ မိမိတို့ အတွက် အဆင်ပြေရာ တခုနဲ့သာ ဖူးဖြစ်အောင် 
လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က crack ဖိုင်လေးနဲ့
 ဒီကောင်လေးကို ဖူးဖြစ်အောင် ၊ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပြီး.. 
Video Effects တွေ ထည့်သုံးတတ်အောင် ပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း 
Video ဖိုင်တွေကို ဝင်ကြည့်လေ့လာလို့ ရမယ့် YouTube က လင့်လေးကို 
ပြန်ရှာတင်ပေးထားပါတယ်..။ အဲ့ဒီလင့်ကနေ ဝင်သွားလိုက်ရင်တော့ ဒီဆော့ဝဲလ်နဲ့ 
Video Edit လုပ်ပြထားတဲ့ Video ဖိုင်လေးတွေ အများကြီးကို လေ့လာသင်ယူလို့ 
ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ 
အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 46 MB ရှိပါတယ်..။
(OR)
crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ အောက်ကပုံလေးတွေအတိုင်း တဆင့်စီ နှိပ်သွားလိုက်ပါ..။
အပေါ်ပုံကတော့ ဖူးမဖြစ်သေးရင် ကီးတွေ တောင်းမယ့် ဘောက်စ်လေး ပေါ်လာမှာပဲ 
ဖြစ်ပါတယ်..။ လုံးဝ ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း 
crack ဖိုင်လေးကို copy ယူပြီး C: ထဲက ဒီကောင်လေးရဲ့ ဖိုဒါလေးထဲမှာ 
အောက်ကပုံလေးတွေ အတိုင်း ထည့်ပေးလိုက်ရင် ဒီဗါးရှင်းလေးကို ဖူးသုံးလို့ 
ရသွားပါပြီ..။ 
အောက်ကပုံအတိုင်း C: ထဲက ဒီကောင်လေးရဲ့ ဖိုဒါလေးကို ဖွင့်လိုက်ပါ..။
ပြီးရင်တော့ အပေါ်က ယူလာတဲ့ crack ဖိုင် copy လေးကို ဒီဖိုဒါလေးထဲမှာ paste 
နဲ့ ထည့်ပြီး အောက်ကပုံလေးအတိုင်း ဆက်နှိပ်ပေးလိုက်ရင် အဆင်ပြေပြေ 
အသုံးပြုလို့ ရသွားပါပြီ..။ 
အပေါ်က ဘောက်စ်လေးတွေ အားလုံးပိတ်ပြီး ဒီဆော့ဝဲလ်ကို ဖွင့်လိုက်ရင်တော့ 
အောက်ကပုံအတိုင်း ဖူးဖြစ်နေလို့ ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။  
Video ဖိုင်လေးတွေကို အောက်ကလင့်ကနေ ဝင်သွားပြီး တခုစီ ကလစ်၍ ကြည့်နိုင်၊ လေ့လာနိုင်ပါပြီ..။ 
 အောက်ဆုံးပုံလေးအတိုင်း Video လေးတွေကို တခုစီ ကလစ်ပြီး လေ့လာနိုင်ပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။
Min Oo Lwin ( နည်းပညာ) 








 
 
0 comments :
Post a Comment