Saturday, March 4, 2017

Android ဖုန်းရဲ့Notifications အားလုံးကို တစ်နေရာတည်းကနေ ဘယ်လိုကြည့်မလဲ

 
Android ဖုန်းမှာ တစ်ခါတစ်ရံ System Notifications တွေကို မတော်တဆ ရှင်းလင်းမိတာတွေကြောင့် ဖုန်းကနေ ဘာတွေအသိပေးတယ်ဆိုတာကို မသိလိုက်မိတာတွေ ရှိတတ်ပါတယ်။ အဲ့ဒီလို မတော်တဆ မှားယွင်း ဖျက်မိတာမျိုး ဖြစ်ရင်တောင် ဖုန်းကနေ အသိပေးတဲ့ Notifications တွေကို တစ်နေရာတည်းကနေ ပြန်လည် ကြည့်ရှုနိုင်ဖို့အတွက် Android ဖုန်းမှာ System Notifications Shortcut တစ်ခု ဖန်တီးထားနိုင်ပါတယ်။ မိမိအနေနဲ့  ဖုန်းကနေ အသိပေးတဲ့ System Notification ဆိုင်ရာတွေကို ကိုယ်ဖန်တီးထားတဲ့ Short-cut ကို နှိပ်ပြီး အလွယ်တကူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

System Notification Shortcut တစ်ခု ဖန်တီးဖို့အတွက် ဖုန်း ရဲ့ မြင်ကွင်း Home screen ကို စက္ကန့်အနည်းငယ် ဖိထားပါ။



အောက်က ပုံအတိုင်းပေါ်လာ မှာဖြစ်ပြီး အဲဒီထဲကမှ WIDGETS ဆိုတဲ့ စာသားနဲ့ icon ကို တစ်ချက်နှိပ်ပါ။



WIDGETS စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး ဖုန်းထဲက WID-GETS စနစ်တွေကို ခုလိုမြင်ရမှာ ဖြစ်ပါတယ်။



အထက်ပါ လုပ်ဆောင်ချက်တွေ ပြီးရင်တော့ Settings shortcut စနစ်ကို ရှာပါ။



Settings shortcut ကိုတွေ့ရင်တော့ စက္ကန့်အနည်းငယ်ဖိပြီး မိမိထားချင်တဲ့ Home screen ပေါ်ကို ဖိဆွဲလိုက်ပါ။



Settings shortcut ကို ဖိဆွဲ ပြီး Home screen ပေါ်ရောက်လို့ ဖိဆွဲတာကို လွှတ်လိုက်ရင်တော့ Settings shortcut ဆိုတဲ့ မြင်ကွင်းတစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ Notifications ဆိုတဲ့ စာသားကိုရှာပြီး တစ်ချက်နှိပ်လိုက်ပါ။



Notifications စာသားကို နှိပ်လိုက်ပြီးရင်တော့ မိမိအနေနဲ့ System Notifications shortcut icon တစ်ခုကို ဖုန်းရဲ့ Home screen ပေါ်မှာ ဖန်တီးလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။



ကိုယ်တိုင်ဖန်တီးထားတဲ့ System Notifications icon ကို နှိပ်လိုက်ရင်တော့ ခုလိုပဲဖုန်းရဲ့ system ကနေ အသိပေးတဲ့ အသိပေးချက် notifications တွေကို ခုလိုပဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


0 comments :

Post a Comment

အားကစား


manchester united logo football gif animation xara

International code

Cleander

Powered by PDF Calendar

Latest Posts

Sports

Shine (Information Technology)

Shine IT Mobile မှလှိုက်လှဲစွာကြိုဆိုပါသည်။ Shine IT Mobile တွင်သင်တန်းများကိုလည်း သင်ကြားပေးပါသည်။

Colorful Page

Welcome ဖုန်းဈေးနှုန်း

Popular Posts