ကမ္ဘာ့တီထွင်ဆန်းသစ်မှု အရှိဆုံး ကုမ္ပဏီများ စာရင်းရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့တဲ့ Apple
Fast Company က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် တီထွင်ဆန်းသစ်မှု အရှိဆုံး ကုမ္ပဏီများစာရင်းမှာ Apple က အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ Apple ဟာ Amazon, Google နဲ့ Uber တို့ရဲ့အောက်နဲ့ Snapchat, Facebook, Netflix တို့ရဲ့အပေါ်မှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
Apple ဟာ ၂၀၁၆ ခုနှစ်က အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပြီး ဒီနှစ်မှာ အဆင့် ၃ ဆင့် တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအဆင့် တက်လာရတာဟာ ပြီးခဲ့တဲ့နှစ်က iPhone 7 အတွက် A10 Fusion chip, Airpods အတွက် W1 chip, Touch Bar ပါတဲ့ MacBook Pro အတွက် T1 chip နဲ့ Apple Watch Series 2 အတွက် S2 chip တို့ကို ဖန်တီးခဲ့တာကြောင့် ဖြစ်တယ်လို့ Fast Company က ပြောကြားခဲ့ပါတယ်။
Chip တစ်ခုချင်းစီဟာ Apple အတွက် နည်းပညာဆိုင်ရာ ထိုးဖောက်ကျော်လွှားမှု အကျိုးရလဒ်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာအနေနဲ့ AirPods မှာပါဝင်တဲ့ W1 chip ဟာ earphone တစ်ခုစီကို အသံပေးပို့ရာမှာ အလိုအလျောက် ပြုလုပ်နိုင်သလို အားတစ်ကြိမ်သွင်းပြီး ၅ နာရီအကြာ သုံးနိုင်တဲ့ စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ အကျိုးရလဒ်တွေ ရရှိခဲ့ပါတယ်။
Apple Watch Series 2 မော်ဒယ်တွေမှာ ပါဝင်တဲ့ S2 chip ကလည်း ဘက်ထရီသက်တမ်းအပေါ် ထိခိုက်မှု မရှိစေဘဲ စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ပါတယ်။ iPhone 7 နဲ့ iPhone 7 Plus မှာ ပါဝင်တဲ့ four-core A10 Fusion chip ကလည်း iPhone 6 မှာ ပါဝင်တဲ့ A8 ထက် နှစ်ဆပိုမြန်ပြီး ဘက်ထရီ သက်တမ်းကလည်း အခြား iPhone တွေထက် နှစ်နာရီလောက် ပိုကြာတယ်လို့ သိရပါတယ်။
0 comments :
Post a Comment