Saturday, March 4, 2017

CNN Facebook account အချို့ hack ခံရ

 


CNN က ပိုင်ဆိုင်တဲ့ Facebook account အချို့ကို OurMine လို့ခေါ်တဲ့ နာမည်ကျော်အဖွဲ့က hack ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ တနင်္ဂနွေနေ့က ပင်မ CNN Facebook account အပါအဝင် CNN International နဲ့ CNN Politics Facebook စာမျက်နှာတို့ကိုလည်း hack ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ OurMine အဖွဲ့က သူတို့ရဲ့ အမှတ်တံဆိပ်ကို “ဟေး ငါတို့ OurMine က မင်းတို့ရဲ့လုံခြုံရေးကို စမ်းသပ်တာပါ။ အချက်အလက်အပြည့်အစုံသိချင်ရင် ငါတို့ကို ဆက်သွယ်ပါ” ဆိုတဲ့ message နဲ့အတူ ချန်ထားခဲ့ပါတယ်။

ဒါပေမဲ့လည်း Twitter နဲ့ Instagram တို့လို CNN ရဲ့ အခြား social media account တွေကတော့ hack ခံရခြင်း မရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ World Wrestling Entertainment (WWE) ရဲ့ Twitter account အချို့ကို OurMine က ထိန်းချုပ်ရယူပြီးတဲ့နောက် ဖြစ်ပွားခဲ့တာပါ။

CNN ရဲ့ account တွေ hack ခံရပြီး နာရီဝက်ခန့်အကြာမှာတော့ Facebook က OurMine ရဲ့ message တွေကို ဖယ်ရှားပြီး CNN ဝန်ထမ်းတစ်ဦးထံ account ထိန်းချုပ်ခွင့် ပြန်ပေးခဲ့ပါတယ်။

0 comments :

Post a Comment

အားကစား


manchester united logo football gif animation xara

International code

Cleander

Powered by PDF Calendar

Latest Posts

Sports

Shine (Information Technology)

Shine IT Mobile မှလှိုက်လှဲစွာကြိုဆိုပါသည်။ Shine IT Mobile တွင်သင်တန်းများကိုလည်း သင်ကြားပေးပါသည်။

Colorful Page

Welcome ဖုန်းဈေးနှုန်း

Popular Posts