Huawei Watch 2 ကို MWC တွင် ပွဲထုတ်ပြသမည်
ဘာစီလိုနာမြို့မှာ ကျင်းပမယ့် Mobile World Congress မှာ Huawei က Android Wear 2.0 သုံးထားတဲ့ စမတ်နာရီသစ် တစ်မျိုး ပွဲထုတ်မိတ်ဆက်မယ့် အကြောင်းကို Huawei အမှုဆောင် အရာရှိချုပ် Richard Yu က Weibo ကနေ အတည်ပြု ပြောကြားလိုက်ပါတယ်။အဲ့ဒီ Weibo post မှာ အားကစား ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ဦးက စမတ်နာရီကြည့်နေတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖော်ပြခဲ့ပါတယ်။ Yu က Huawei Watch 2 ရဲ့ အချက်အလက်တွေကို မဖော်ပြခဲ့ပေမယ့် ဓာတ်ပုံမှာ ပါဝင်တဲ့ “Made for free spirits” စာတန်းကြောင့် အားကစား လိုက်စားတဲ့သူတွေ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။
အစောပိုင်းက ထွက်ပေါ်လာခဲ့တဲ့ ကောလာဟလ သတင်းတွေအရ Huawei Watch 2 မှာ မိုဘိုင်းချိတ်ဆက်မှုနဲ့ eSIM လုပ်ဆောင်ချက်များ ပါဝင်လာမယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ MWC ကျင်းပချိန်မှသာ သိရှိရမှာ ဖြစ်ပါတယ်။
0 comments :
Post a Comment