Saturday, March 4, 2017

iPhone 8 အတွက် OLED panel သန်း ၁၆၀ Samsung ထောက်ပံ့မည်ဟုဆို

 

iPhone 8 မှာအသုံးပြုမယ့် OLED panel သန်း ၁၆၀ အတွက် Apple နဲ့ Samsung တို့ သဘောတူညီမှု ရရှိခဲ့တဲ့အကြောင်း တောင်ကိုရီးယားနေ့စဉ်ထုတ်သတင်းစာ Korea Herald က ဖော်ပြလိုက်ပါတယ်။

နည်းပညာ ကုမ္ပဏီကြီးနှစ်ခုဟာ အရင်က OLED panel သန်း ၁၀၀ အတွက် သဘောတူညီမှု ရရှိထားပေမယ့် screen သန်း ၆၀ ထပ်တိုးဖို့အတွက် Apple က သဘောတူညီချက် ထပ်မံရယူခဲ့တာ ဖြစ်တယ်လို့ ကိုရီးယား သတင်းစာက ရေးသားခဲ့ပါတယ်။

ကောလာဟလ သတင်းတွေအရ iPhone 8 ကို မတူညီတဲ့ အရွယ်အစား သုံးမျိုးနဲ့ရရှိနိုင်ပြီး premium version မှာပဲ OLED screen ပါဝင်မယ်လို့ သိရပါတယ်။

Samsung ဟာ နာမည်ကျော် S series အပါအဝင် ကုမ္ပဏီရဲ့ စမတ်ဖုန်းမော်ဒယ် ၇၀ ရာခိုင်နှုန်းနီးပါးမှာ OLED ကို အသုံးပြုထားပါတယ်။ Apple ကတော့ iPhone အတွက် LG Display, Sharp နဲ့ Japan Display ဆီက liquid-crystal display တွေကို အသုံးပြုပါတယ်။

လက်ရှိမှာ Samsung က OLED screen ဈေးကွက်ကို ချုပ်ကိုင်ထားပြီး ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။

0 comments :

Post a Comment

အားကစား


manchester united logo football gif animation xara

International code

Cleander

Powered by PDF Calendar

Latest Posts

Sports

Shine (Information Technology)

Shine IT Mobile မှလှိုက်လှဲစွာကြိုဆိုပါသည်။ Shine IT Mobile တွင်သင်တန်းများကိုလည်း သင်ကြားပေးပါသည်။

Colorful Page

Welcome ဖုန်းဈေးနှုန်း

Popular Posts