Saturday, March 4, 2017

Sono Xperia X (F5122)




Sony Xperia X ကို ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ compact ဖုန်းတစ်လုံးအဖြစ်ထုတ်လုပ်ပေးထားပြီး ပါးလွှာပေါ့ပါးမှုလည်းရှိပါတယ်။ ဖုန်းရဲ့ ဘယ်အစိတ်အပိုင်းကိုမှ ပိုမိုသာလွန်ကောင်းမွန်အောင် ဦးစားပေးပြုလုပ်မပေးထားဘဲ အားလုံးကို တစ်ပြေးညီ ဘက်စုံသင့်တင့်ကောင်းမွန်အောင် လုပ်ဆောင်ပေးထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ Sony ရဲ့ ထုံးစံအတိုင်း တခြားဖုန်းတွေနဲ့ယှဉ် ရင် ကင်မရာစွမ်းအားကတော့ ပိုမိုကောင်းမွန်နေမှာပါ။ ဒါကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တဲ့ အလယ်အလတ်တန်းစားစမတ်ဖုန်း တစ်လုံးလို့ပြောနိုင်ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာ သုံးစွဲနိုင်ပြီး Single SIM နဲ့ Nano SIM ဆိုတဲ့ version ၂ မျိုးကို ခွဲခြား  ထုတ်လုပ်ပေးထားပါတယ်။ Non-removable Li-Ion 2620mAh battery စွမ်းအားက သာမန်အဆင့်သာရှိပေမယ့် built-in battery-saving mode ပါရှိတာကြောင့် အဆင်ပြေပါတယ်။ ဒါ့အပြင် Quick Charge 2.0 စနစ်က ဖုန်းအားသွင်းရာမှာလည်း မြန်ဆန်စေပါတယ်။ Sony Brand ထဲကမှ ပေါ့ပေါ့ပါးပါး အိတ်ကပ်ထဲထည့်သွားနိုင်မယ့် အ ဆင့်မြင့်စမတ်ဖုန်းကို ရှာနေတဲ့သူတွေအတွက်ကတော့ ကွက်တိ ပါပဲ။


Design & Build

၎င်းရဲ့တည်ဆောက်ပုံဒီဇိုင်းက ပါးလွှာပေါ့ပါးမှုကို ဦးစားပေး ထားတာကြောင့် ဒီဇိုင်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။ အနောက် ဘက်ကို matte glass နဲ့ ဖုံးအုပ်ပေးထားတာကြောင့် သစ်လွင် တောက်ပမှုရှိပါတယ်။ Glass က ထောင့်စွန်းလေးတွေမှာ အနည်း ငယ်ဝိုင်းသွားပြီး ဘေးဘောင်တွေနဲ့ သေသပ်စွာတွဲစပ်ပေးထားပါ တယ်။ ဖုန်းအရွယ်အစားက 142.7×69.4×7.9mm  ရှိပြီး  153g အလေးချိန်လေး ပါတယ်။ အရှေ့မျက်နှာပြင်အောက်ခြေမှာ capacitive buttons ၃ခုပါရှိပြီး ၎င်း တို့ရဲ့အောက်အလယ်တည့်တည့်မှာ စပီကာပေါက်တည်ရှိပါတယ်။ SIM tray, ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တွေက ညာဘက်ဘေး ဘောင်အောက်ခြေနားမှာ ထားပေးထားတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ထိန်းချုပ်ကိုင်တွယ်နိုင်ပါတယ်။ အောက်ဘက်ဘောင်ရဲ့အလယ်တည့်တည့်မှာတော့ micro USB ပေါက်ကို တွေ့မြင်နိုင်ပါတယ်။ အနောက်ကင်မရာက နောက်ကျောဘက်ရဲ့ ညာဘက်ထောင့်မှာတပ်ဆင် ထားတာကြောင့် လျှပ်တပြတ်ဓာတ်ပုံတွေ အမြန်ရိုက်တဲ့အခါမှာ လက် ချောင်းနဲ့ကွယ်နေတာမျိုးတွေ မဖြစ်စေနိုင်ပါဘူး။ သေးသွယ်လှပတဲ့ကိုယ် ထည်ဒီဇိုင်းပုံစံကို White, Graphite Black, Lime Gold နဲ့ Rose Gold ဆိုတဲ့ အရောင် ၄ မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။


Display

၅ လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD Capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 1080× 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပြီး ၁ လက်မမှာရရှိ မယ့် သိပ်သည်းဆပမာဏကတော့ ~441 ppi pixels ဖြစ်ပါတယ်။ မျက်နှာ ပြင်ပေါ်မှာ multitouch စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။


Operating System and Camera

Android OS,v6.0.1 (Marshmallow) ကိုအသုံးပြုထားပါတယ်။ အနောက် ကင်မရာက 23MP ရှိပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကိုရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင် မရာက 13MP ပါရှိပြီး လှပတဲ့ selfie  ဓာတ်ပုံလေးတွေရိုက်ကူးဖို့ အ ကောင်းဆုံးပါပဲ။ ကင်မရာ ၂ ခုလုံးမှာတော့ f/2.0 aperture ကို သုံးစွဲထား ပါတယ်။


Performance

စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို Qualcomm MSM 8956 Snapdragon Chipset နဲ့ Hexa-core(4×1.4 GHz Cortex-A53 & 2×1.8 GHz Cortex-A72) processor ကိုသုံးစွဲထားပြီး Adreno 510 ကိုသုံး GPU ကိုလည်း ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် RAM  3GB ပါရှိခြင်းကလည်း နောက် ဆုံးပေါ်ဂိမ်းကြီးတွေနဲ့ apps တွေအကုန်လုံးကိုသုံးစွဲဖို့အတွက် လုံ လောက်ပြီး တိကျမြန်ဆန်တဲ့စွမ်းဆောင်ရည်တွေကိုလည်း ပေးစွမ်း နိုင်ပါတယ်။ ၎င်းဂိမ်းတွေနဲ့ app ကြီးတွေကို အသုံးပြုနေစဉ်အတွင်းမှာ လည်း ဘာ error မှမဖြစ်စေနိုင်ဘဲ အဆင်ပြေပြေအသုံးပြုနိုင်မှာပါ။


Specification

Display :   5.0 inch, IPS LCD Capacitive touchscreen, 16M colors

Memory :   64 GB, 3 GB RAM, microSD, up to 256GB Camera :   23MP, phase detection, autofocus, LED Flash

 OS :   Android OS, v6.0.1 (Marshmallow)

Phone :   09-455209100 (UNiQUE)

Price :   589,000/-


Credit - Netguide Journal


အောင်မြင့်မြတ်(Myanmar Youths)
09-256480246

ဒီနေရာ  လေးကိုနှိပ်ပြီး နည်းပညာသတင်းတွေ၊ နည်းပညာဆိုင်ရာနည်းလမ်းလေးတွေကို ပိုမိုစုံလင်စွာ ဖတ်ရှုနိုင်ပါပြီ။

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မြန်မာလူငယ်နည်းပညာပရဟိတအသင်းသို့ Online မှတစ်ဆင့် အလှုငွေ ပေးလှူလိုပါက ဖုန်းနံပါတ် ၀၉၉၆၂၃၈၅၅၄၂ သို့ နှစ်သက်ရာဖုန်းငွေဖြည့်ကဒ်ဖြင့်ပေးပို့လှူဒါန်းနိုင်ပါသည်

0 comments :

Post a Comment

အားကစား


manchester united logo football gif animation xara

International code

Cleander

Powered by PDF Calendar

Latest Posts

Sports

Shine (Information Technology)

Shine IT Mobile မှလှိုက်လှဲစွာကြိုဆိုပါသည်။ Shine IT Mobile တွင်သင်တန်းများကိုလည်း သင်ကြားပေးပါသည်။

Colorful Page

Welcome ဖုန်းဈေးနှုန်း

Popular Posts