Saturday, March 4, 2017

Vivo V5 Plus




Price » 538,000 Ks ( 64GB )

Contact Phone » 09-254839225 ( Technoland )


Specification

» Network : GSM/HSPA/LTE (Dual-SIM)

» Weight : 158.6 g

» Display : 5.5", IPS LCD capacitive touchscreen

 » Dimensions : 152.6 x 74 x 7.3 mm

» Memory : 64GB, 4GB RAM, microSD, up to 256GB

» Camera : 16MP, Front : Dual 20MP + 8MP, 1/2.8" sensor size, phase detection autofocus,  LED flash, Geo-tagging, face detection, HDR, panorama

» Connectivity : GPS, WLAN, Bluetooth 4.0, microUSB v2.0

 » OS : Android OS, v6.0 (Marshmallow)

» Chipset : Qualcomm MSM8953 Snapdragon 625  GPU : Adreno 506

» Protection : Corning Gorilla Glass 5, Funtouch OS 3.0

» Sensor : Fingerprint (front-mounted)


အခုတစ်ခါမှာတော့ selfie ချစ်သူတွေအတွက် အထူးထုတ်လုပ်ပေး ထားတဲ့ Vivo V5 Plus နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၄င်းဟာ အလွန် ကောင်းမွန်တဲ့ selfie centric ဖုန်းအမျိုးအစားဖြစ်ပြီး ဒီဇိုင်းပုံစံကလည်း အလွန်လှပပါတယ်။ ဒီဇိုင်းပုံစံရဲ့ အချို့နေရာတွေ တော်တော်များများက iPhone 7 နဲ့ တော်တော်လေးကို ဆင်တူပြီး အထူးသဖြင့် နောက်ကျော ဘက်မှာပါရှိတဲ့ အင်တာနာလိုင်းတွေပဲ ဖြစ်ပါတယ်။ နောက်ကျောဘက်ကို သတ္တုနဲ့ ပြုလုပ်ပေးထားပြီး ထောင့်စွန်းလေးတွေက အဝိုင်းပုံစံရှိပါတယ်။

တည်ဆောက်ရာမှာ သုံးထားတဲ့ပစ္စည်းတွေကလည်း အကောင်းစား တွေဖြစ်ပြီး ဒီဇိုင်းပုံစံကလည်း ခေတ်မီဆန်းသစ်တဲ့အတွက် တစ်ချက်ကြည့် လိုက်တာနဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးမှန်း သိသာစေ ပါတယ်။ Frame က ပါးလွှာကျစ်လျစ်ပြီး ဘေး ၂  ဘက်လုံးရဲ့ Basel က လည်းကျဉ်းတာကြောင့် လက်တစ်ဖက်တည်းနဲ့ ကောင်းမွန်စွာ ထိန်းချုပ် ကိုင်တွယ်သုံးစွဲနိုင်ပါတယ်။

အရှေ့ဘက် မျက်နှာပြင်ကလည်း ရှင်းလင်းတောက်ပြောင်နေပြီး အောက်ခြေ home button မှာ အဆင့်မြင့် fingerprint sensor ကို ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ နောက်ကျောဘက်ရဲ့ ဘယ်ဘက်ထိပ်ထောင့် မှာ အနောက်ကင်မရာ တည်ရှိပြီး ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေက ညာဘက်ဘေးဘောင်မှာ ရှိပါတယ်။ အောက်ခြေမှာတော့ စပီကာ၊ micro USB port နဲ့ 3.5 mm jack port တို့ ပါရှိပါတယ်။ ဖုန်းအရွယ် အစားက 152.8 x 74.00 x 7.26 mm ရှိပြီး 158g အလေးချိန် လေးပါတယ်။

GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM card 2 card ကို ထည့်သွင်းသုံးစွဲနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာ ပြင်အကျယ် ၅ လက်မခွဲရှိတဲ့ IPS LCD capacitive touchscreen display က full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး multitouch စနစ်ကိုလည်း သုံးစွဲနိုင် ပါတယ်။  ဒါ့အပြင် မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် နောက်ဆုံးပေါ် Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားတဲ့အတွက် မတော်တဆ ပြုတ်ကျမှုဒဏ်တွေကို ကောင်းကောင်းခံနိုင်ရည် ရှိပါတယ်။

အထဲမှာ Android OS,v6.0 (Marshmallow) ကို အခြေခံထားတဲ့ Funtouch OS 3.0 user interface ကို သုံးစွဲထားပါတယ်။ ၄င်းကလည်း iPhone မှာပါရှိတဲ့ UI နဲ့ အချို့နေရာလေးတွေမှာ တူညီနေပါတယ်။ အနောက်ကင်မရာကတော့ သာမန်အဆင့်မြင့်ဖုန်းတွေလိုပါပဲ။ ဒါပေမဲ့ အရှေ့ဘက်မှာရှိတဲ့ dual front camera ရဲ့ စွမ်းအားကတော့ အံ့မခန်းလောက်အောင် ကောင်းမွန်ပါတယ်။ ၄င်း dual front camera စနစ်မှာ ပထမကင်မရာက 20MP ကို ပေးစွမ်းပြီး ဒုတိယ ကင်မရာက 8MP ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် Sony IMX376 1/2.78-inch sensor ?f/2.0 aperture နဲ့ 5P Lens စနစ်တို့ကလည်း အရည်အသွေး ကောင်းတဲ့ selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ကို အထောက်အကူပြုပါတယ်။

အခုလတ်တလောမှာ လူကြိုက်များနေတဲ့ iPhone 7 Plus ရဲ့ ကင်မရာမှာ ပါရှိတဲ့ Bokeh effect ကိုလည်း ထည့်သွင်းပေးထားတာကြောင့် အလွန့်အလွန် ကို အသုံးဝင်လှပါတယ်။ Internal memory 64GB ပါရှိပြီး အပို data တွေ နောက် ထပ် micro SDcard ကို 256GB အထိ ထပ်မံထည့်သုံးနိုင်ပါတယ်။ စက်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်တွေအတွက် ကိုယ်ထည်ထဲမှာ RAM 4GB ပါရှိတဲ့ ၂2.0GHz octa-core Snapdragon 625 SoC ကို သုံးထားပြီး Adreno 506 GPU တို့ကြောင့် နောက်ခံ background မှာ သီချင်းဖွင့်ထားပြီး Asphalt 8 တို့လို နောက်ဆုံးပေါ် ဂိမ်းကြီးတွေကိုတောင် အဆင်ပြေပြေ ကစားနိုင်ပါတယ်။

ဖုန်းအကြာကြီး အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့အပူရှိန်ကလည်း 40 Degree Celsius ကို လုံးဝမကျော်ပါဘူး။ ဒါ့အပြင် ဖုန်းလိုင်းဆွဲအားနဲ့ အင်တာနက် လိုင်းဆွဲအား ၂ ခုလုံးက လျင်မြန်မှုလည်း ရှိပါတယ်။ ဒါ ကြောင့် ဈေးကွက်ထဲမှာ ဝယ်ယူသုံးစွဲသင့်တဲ့ ဖုန်းတွေထဲက တစ်လုံးအပါ အဝင်ဖြစ်ပြီး ရရှိနိုင်တဲ့အရောင်တွေကတော့ ရွှေရောင်နဲ့ မီးခိုးရောင်တို့ပဲ ဖြစ်ပါတယ်။


Battery Life

V5 Plus မှာ ဘက်ထရီစွမ်းအားပိုင်းကို Non-removable Li-ion 3055mAh က ထောက်ပံ့ထားတာကြောင့် ဖုန်းအား ခဏခဏ သွင်းရတာမျိုး မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် fast charging စနစ်က ဖုန်းကို ၂ နာရီအတွင်း အားအပြည့် ပြန် သွင်းပေးနိုင်ပါတယ်။


Design

Vivo V5 Plus ရဲ့ ဒီဇိုင်းပုံစံက ပါးလွှာကျစ်လျစ်ပြီး အဆင့်မြင့်စမတ် ဖုန်းတစ်လုံးရဲ့ အင်္ဂါရပ်တွေ အကုန်ပါရှိပါတယ်။ ဘေး ၂ ဘက်စလုံး က basel ကျဉ်းတဲ့အတွက် မျက်နှာပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ နိုင်ပြီး ကိုင်တွယ်သုံးစွဲရတာလည်း ကောင်းမွန်ပါတယ်။ နောက်ကျောကို သတ္တုနဲ့ ပြုလုပ်ပေးထားတာကြောင့် အကြမ်းလည်း ခံပါတယ်။


Processor

Vivo V5 Plus မှာ RAM 4GB ပါရှိတဲ့ 2.0GHz octa-core Snapdragon 625 SoC processor နဲ့ Adreno 506 GPU ကို အသုံးပြုထားပါတယ်။ ဒါ ကြောင့် multitaskings တွေကို အဆင်ပြေပြေ ပြုလုပ်နိုင်ပြီး အသုံးပြုနေ ရင်း စက်အပူချိန်လွန်ကဲခြင်းနဲ့ စက်ဟမ်းသွားခြင်းတွေကို မဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။


Display and Camera

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို LTPS IPS capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်း စွမ်းအားတွေကို ရရှိနိုင်ပါတယ်။ 16MP ရှိတဲ့ အနောက်ကင်မရာနဲ့ 20MP + 8MP ရှိတဲ့ dual front camera တို့ကို တပ်ဆင်ထားတဲ့အတွက် selfie ဓာတ်ပုံ တွေရဲ့ အရည်အသွေးကတော့ အံ့မခန်းပါပဲ။


Verdict

Vivo V5 Plus ဟာ ကုမ္ပဏီရဲ့ ပထမဆုံးထုတ်လုပ်ပေးထားတဲ့ dual front camer စနစ်ပါရှိတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဆွဲဆောင် မှုရှိတဲ့ specifications တွေကြောင့် ဈေးကွက်ထဲကို စိတ်ဝင်စားစရာကောင်း တဲ့ ဖုန်းတစ်လုံးအဖြစ်နဲ့ ထွက်ရှိလာခဲ့ပါပြီ။



Credit - Netguide Journal


အောင်မြင့်မြတ်(Myanmar Youths)
09-256480246

ဒီနေရာ  လေးကိုနှိပ်ပြီး နည်းပညာသတင်းတွေ၊ နည်းပညာဆိုင်ရာနည်းလမ်းလေးတွေကို ပိုမိုစုံလင်စွာ ဖတ်ရှုနိုင်ပါပြီ။

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မြန်မာလူငယ်နည်းပညာပရဟိတအသင်းသို့ Online မှတစ်ဆင့် အလှုငွေ ပေးလှူလိုပါက ဖုန်းနံပါတ် ၀၉၉၆၂၃၈၅၅၄၂ သို့ နှစ်သက်ရာဖုန်းငွေဖြည့်ကဒ်ဖြင့်ပေးပို့လှူဒါန်းနိုင်ပါသည်

0 comments :

Post a Comment

အားကစား


manchester united logo football gif animation xara

International code

Cleander

Powered by PDF Calendar

Latest Posts

Sports

Shine (Information Technology)

Shine IT Mobile မှလှိုက်လှဲစွာကြိုဆိုပါသည်။ Shine IT Mobile တွင်သင်တန်းများကိုလည်း သင်ကြားပေးပါသည်။

Colorful Page

Welcome ဖုန်းဈေးနှုန်း

Popular Posts