Saturday, March 4, 2017

ဆယ်လူလာဒေတာသုံးစွဲမှု သက်သာစေမယ့် YouTube Go app ကို အိန္ဒိယတွင် ဖြန့်ချိ




၂၀၁၆ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ကြေညာခဲ့တဲ့ YouTube Go app ကို ဖေဖော်ဝါရီ ၉ ရက်က အိန္ဒိယမှာ ဖြန့်ချိပေးလိုက်ပါတယ်။

YouTube Go ကို အင်တာနက်သုံးစွဲမှုနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်ဖန်တီးထားတာပါ။ သုံးစွဲသူတွေအနေနဲ့ နှစ်သက်ရာ channel တွေက ဗီဒီယိုတွေကို ကြည့်ရှုနိုင်သလို offline ကြည့်ရှုဖို့အတွက်လည်း download လုပ်ထားနိုင်ပါတယ်။ ဗီဒီယိုတွေကို သိမ်းဆည်းထားဖို့အတွက် resolution အမျိုးမျိုးထောက်ပံ့ပေးထားပါတယ်။

ဒါ့အပြင် download လုပ်ဖို့ ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဗီဒီယိုတွေကို GIF အနေနဲ့ preview ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

App ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး feature တစ်ခုကတော့ sharing option ဖြစ်ပါတယ်။ ထုတ်ကုန်တွေပေါ်မှာ download လုပ်ထားတဲ့ ဗီဒီယိုတွေကို သုံးစွဲသူတွေက Bluetooth ကနေတစ်ဆင့် သူငယ်ချင်းများထံ ဝေမျှနိုင်တာကြောင့် အခြားသုံးစွဲသူတွေက ဆယ်လူလာဒေတာ သုံးစရာမလိုဘဲ အလားတူဗီဒီယိုတွေကို ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

လက်ရှိမှာ YouTube Go ကို အိန္ဒိယမှာပဲ တရားဝင်ဖြန့်ချိထားပါတယ်။ စမ်းသပ်သုံးစွဲလိုသူများအနေနဲ့ APK Mirror ကနေ download ရယူနိုင်ပါတယ်။

0 comments :

Post a Comment

အားကစား


manchester united logo football gif animation xara

International code

Cleander

Powered by PDF Calendar

Latest Posts

Sports

Shine (Information Technology)

Shine IT Mobile မှလှိုက်လှဲစွာကြိုဆိုပါသည်။ Shine IT Mobile တွင်သင်တန်းများကိုလည်း သင်ကြားပေးပါသည်။

Colorful Page

Welcome ဖုန်းဈေးနှုန်း

Popular Posts