ဘဝမှာ ဘာဖြစ်ချင်လဲလို့ လူလတ်ပိုင်းအရွယ် တော်တော်များများကို မေးတဲ့အခါ
အများစုဖြေကြမှာက ပျော်ရွှင်ချင်တယ်လို့ ဖြစ်မလား အောင်မြင်ချင်တယ်လို့
ဖြစ်မလား။ အောင်မြင်မှုဟာ ပျော်ရွှင်မှုနဲ့ တစ်ထပ်တည်းရော ကျရဲ့လား။ ဒါတွေက
ကျွန်တော်ကိုယ်တိုင် အဖြေရှာမတွေ့သေးတဲ့ မေးခွန်းတွေပါ။
အောင်မြင်ချင်တယ်ဆိုရင်ရော ဘာလုပ်ရမလဲ။ ဒီအတွက်တော့ ကျွန်တော့်မှာ
နည်းလမ်းကောင်းလေးတွေ ရှိမယ်လို့ ထင်တယ်။ ဒီနေ့ ခင်ဗျားတို့ကို
ပြန်လည်မျှဝေပါရစေ။
(၁) ကိုယ့်ကိုကိုယ် မြှင့်တင်ရပါမယ်။
အောင်မြင်ဖို့အတွက် ပထမဆုံးလုပ်ရမှာက ကိုယ့်ကိုကိုယ်
မြှင့်တင်ရမှာဖြစ်ပါတယ်။ ဦးနှောက်ကို ဝမ်းစာဖြည့်ရမယ်၊ ဘဏ်အကောင့်ကို
ဝမ်းစာဖြည့်ရမယ်၊ ပညာကို ဝမ်းစာဖြည့်ရပါမယ်။ ကိုယ်လုပ်တဲ့အလုပ်မှာ
ကိုယ်အတော်ဆုံးဖြစ်နေရင် အောင်မြင်ပြီ။
(၂) သင့်ပတ်ဝန်းကျင်ကလူတွေကနေ သင့်ကို မွေးထုတ်ပေးတာဖြစ်ပါတယ်။
ထူးဆန်းသွားလား။ တကယ်တော့မဆန်းပါဘူး။ အောင်မြင်ချင်တယ်ဆိုရင်
အောင်စိတ်ရှိတဲ့သူတွေနဲ့ ပေါင်းရမယ်။ ဒါဟာ သိပ်မှန်တဲ့ သဘာဝတရားပါပဲ။
“တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး” ဆိုတဲ့အတိုင်းပဲပေါ့။
အောင်မြင်ချင်သူဟာ အောင်မြင်ချင်စိတ်တွေနဲ့ တက်ကြွရွှင်လန်းနေတဲ့
ပတ်ဝန်းကျင်မှာပဲ နေပါ။
(၃) မထောင်လွှားနဲ့။
လူမှာ တစ်ခုခုရှိလာရင်ထောင်လွှားတတ်တယ်။ ပိုက်ဆံရှိတဲ့သူက ပိုက်ဆံကြောင့်
ထောင်တယ်၊ ဘွဲ့ရှိသူက ဘွဲ့ကြောင့် ထောင်တယ်၊ ရာထူးးရှိသူက
ရာထူးကြောင့်ထောင်တယ်။ မထောင်လွှားပါနဲ့။ အမြဲတမ်း ကိုယ့်ကိုကိုယ်
မပြည့်သေးဘူးလို့ပဲ သတ်မှတ်ပြီး ပြည့်အောင်ဖြည့်ဖို့သာ လေ့လာလေ့ကျင့်ပါ။
(၄) စိတ်အားထက်သန်မှုနောက်ကို လိုက်ပါ။
စိတ်အားထက်သန်မှု။ ခင်ဗျားရဲ့ ဝါသနာက ဘာလဲ။ ဝါသနာပါတဲ့ အလုပ်ကို
အကောင်းဆုံးလုပ်ပါ။ ခုခေတ်မှာ ဘယ်လိုအလုပ်မျိုးမဆို အောင်မြင်ရင်
ပိုက်ဆံရပါတယ်။ ထိပ်ဆုံးရောက်အောင်တော့ လုပ်ရမှာပေါ့။
(၅) ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ။
ကိုယ့်ကိုကိုယ် တန်ဖိုးထားသူဟာ ပျော်ရွှင်ရပါတယ်။။ ပျော်ရွှင်ခြင်းနောက်မှာ
အကောင်းမြင်စိတ်တွေ အောင်စိတ်တွေ လိုက်လာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်
တန်ဖိုးထားလိုက်ပါ။ အောင်မြင်ခြင်းဟာ မဝေးတော့ပါဘူး။
ေ#credit
Sunday, November 13, 2016
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment