Sunday, November 13, 2016

Android စမတ်ဖုန်းတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ရောက်ရှိနေသလို တခြားဖုန်းတွေအတွက်လည်း OS ကို အသုံးပြုနိုင်ပါတယ်။ အိန္ဒိယမှာ Reliance Communications ဟာ 4G LTE HomePhone ကို launch လုပ်ခဲ့ပါတယ်။ သူဟာ Android 5.1 Lollipop ကို အသုံးပြုထားပြီး အိမ်သုံး၊ ရုံးသုံးအတွက် အဆင်ပြေတဲ့ wireless ထိုင်ဖုန်းတစ်လုံးဖြစ်ပါတယ်။
ဒါဟာ အိန္ဒိယမှာ launch လုပ်တဲ့ ပထမဆုံး 4G wireless ထိုင်ဖုန်းဖြစ်တယ်လို့ Reliance က ဆိုပါတယ်။ သူဟာ 3.5-inch touch screen ပါရှိပြီး HD voice calls သာမက SMS text messages တွေပါ အသုံးပြုနိုင်တဲ့ 4G LTE networks လည်း ပါဝင်ပါတယ်။ အိမ်သုံး၊ရုံးသုံးအတွက် device ရှစ်ခုနဲ့အထက်အတွက် Wi-Fi hot spot အနေနဲ့လည်း သုံးနိုင်ပါသေးတယ်။
4G LTE HomePhone ဟာ Reliance မှ monthly data and call plans တွေလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 4G Smart Life monthly plans ဟာ local ၊ STD နဲ့ roaming တို့ပါဝင်တဲ့ မိနစ် ၃၀၀ ခေါ်ဆိုခွင့် ပါရှိမှာ ဖြစ်ပါတယ်။ ၃၀၀ မိနစ်ထက်ကျော်လွန်သွားပါက တစ်မိနစ်ကို ၄၀ paise ဖြတ်မှာ ဖြစ်ပါတယ်။ monthly data အတွက် ဈေးနှုန်းတွေကတော့ 2 GB အတွက် Rs. 299 ၊ 4 GB အတွက် Rs. 499 ဖြစ်ပါတယ်။

0 comments :

Post a Comment

အားကစား


manchester united logo football gif animation xara

International code

Cleander

Powered by PDF Calendar

Latest Posts

Sports

Shine (Information Technology)

Shine IT Mobile မှလှိုက်လှဲစွာကြိုဆိုပါသည်။ Shine IT Mobile တွင်သင်တန်းများကိုလည်း သင်ကြားပေးပါသည်။

Colorful Page

Welcome ဖုန်းဈေးနှုန်း

Popular Posts