5G mobile data ရနိုင်မယ့် ပထမဆုံး မြို့နှစ်မြို့ကို AT&T ကြေညာ
AT&T ရဲ့ 5G Evolution လို့ခေါ်တဲ့ high-speed network သစ်ကို Austin နဲ့ Indianapolis ဈေးကွက်တွေမှာ ကနဦးဖြန့်ချိ သွားမယ်လို့ ဆိုပါတယ်။ အဲ့ဒီ 5G Evolution ရဲ့ အမြန်ဆုံးနှုန်းက ကနဦးအနေနဲ့ 400Mbps ရှိပြီး စံသတ်မှတ်ထားတဲ့ cellular data connection တစ်ခုထက် အဆ ၄၀ ပိုမြန်တယ်လို့ သိရပါတယ်။
ဒါဟာ သီအိုရီအရ အမြန်နှုန်း 1Gbps ရှိတဲ့ 5G အစစ်အမှန် မဟုတ်ပါဘူး။ ဒါပေမဲ့ gigabit အမြန်နှုန်းအတွက် နှစ်ကုန်ပိုင်းမှာ ကွန်ရက်ကို အဆင့်မြှင့်တင်သွားမယ်လို့ AT&T က ပြောကြားခဲ့ပါတယ်။
ဒီကြေညာချက်ဟာ Network 3.0 Indigo လို့ခေါ်တဲ့ AT&T ရဲ့ ကွန်ရက်အဆင့်မြှင့်တင်မှုပမာဏခြေလှမ်းထဲက ကနဦး လုပ်ဆောင်ချက် ဖြစ်ပါတယ်။
ဒါဟာ ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှုကို အသုံးပြုပြီး လက်ရှိ hardware တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်မယ့် အစီအစဉ်ဖြစ်တာကြောင့် upgrade ကုန်ကျစရိတ် လျော့နည်းပြီး အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်မယ်လို့ သိရပါတယ်။
0 comments :
Post a Comment